မိုင်းပျဉ်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်နယ်မိသားစုများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြား သည့် မိန့်ခွန်းကောက်နုတ်ချက်၊ စိုးမိုး (ပုသိမ်)၏ “နွေအလှ” ကဗျာနှင့် ဆောင်းပါးများပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား / သူများထံသို့ လက်ဝယ်ရောက် စောင်ရေ (၂၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
နန်းသန္တာဦး(မိုင်းပျဉ်းပြန်/ဆက်)