မအူပင်မြို့တွင် လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

မအူပင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း မအူပင်(တောင်) ရေနံမြေမှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ် (Mini Budget) လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို မတ်လ ၂၂ ရက်နေ့ နံနက်(၁၁)နာရီက မအူပင်ခရိုင်၊ အထွေထွ ေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လူမှုအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ရာတွင် မအူပင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက် အကူပြုပစ္စည်းများ လွှဲပြောင်းလက်ခံရရှိမှုအတွက် ဆွေးနွေးခဲ့ပြီး နောက်လာမည့် ဘတ်ဂျက် တွင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းရာတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး အထောက်အကူပြုပစ္စည်းများ လှူဒါန်းရရှိနိုင်ရေး ဆွေးနွေးပြောကြားခဲ့ သည်။ ဆက်လက်၍ မအူပင်ရေနံ (တောင်) မန်နေဂျာ ဦးဌေးဝင်းက ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ တာ ဘဏ္ဍာရေးနှစ် (Mini Budget) လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက် အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ မအူပင် ရေနံ(တောင်)မှ နောက်လာမည့် ဘဏ္ဍာနှစ်တွင် လူမှုအထောက်အကူပြု ပစ္စည်းများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အား ဖိတ်ကြားစေပြီး မြို့နယ်အတွက်လိုအပ်သည့် နေရာ၊ လိုအပ်သည့် ဌာန၊ အသုံးပြုလိုသည့် ပစ္စည်းများစာရင်းအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ် (Mini Budget) လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက်အကူပြုပစ္စည်းများဖြစ်သည့် ကွန်ပျူတာ၊ ပရင်တာ၊ မိတ္တူ ကူးစက်၊ ကျောက်ကပ်သန့်စင်စက်၊ PPE level-3 အစုံ ၂၀၀၊ လက်သန့်ဆေး ၁ ဂါလံ ၁၀၀ ပုံး၊ Eloves လက်အိတ် ၂၀၀ ခုပါ ၁၀၀ ဘူး၊ 95 Mask ၁၅၀ ခု၊ mmk ပိုးသတ်ဆေး ၄၀ ပုံးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လက်ခံရရှိပြီး အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ခရိုင် ပြန်/ဆက်