မြင်းခြံ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့ နေ့လယ် (၁၂) နာရီခွဲ အချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြင်းခြံခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်က "လူငယ်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က "မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က "လူငယ်နှင့် အားကစားကဏ္ဍ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြော ခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ မြင်းခြံမြို့ အမှတ်(၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)