မချမ်းဘော့မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

မချမ်းဘော့   မတ်၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ယနေ့နံနက် ၁၀:၃၀ နာရီတွင် ပြည်သူလက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၁ရက်နေ့ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၈ခုနှစ်၊ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ကာကွယ်စောင့်ရှောက်သွားမည်သာ၊တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နွေအလှ ကဗျာများ တပ်မတော်၏ ‌ေဆာင်ပုဒ်များ ဖော်ပြထားကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်/ဆက်ဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက ဌာနဆိုင်ရာရုံး၀န်ထမ်းများ၊ မြို့မဈေးရှိဈေးရောင်းသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား လက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
 
မြို့နယ်၊ပြန်/ဆက်