သတင်းများ

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊  ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုရာနှုန်းပြည့် ပြီးစီး
Mar 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၁.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို  ဖေဖော်ဝါရီလ ၁၉ ရက်‌နေ့တွင်  စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ရက်တွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ အကြောင်းဆွေးနွေးပွဲ
Mar 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မန်းအွေမှ သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
သပိတ်ကျင်းမြို့နယ်၌ သဘာဝဘေးအန္တရယ်များ ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇတ်တိုက်လေ့ကျင့် ဆောင်ရွက်
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအနေဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများကို အဆိုပါမီးသတ်ဦးစီးဌာနဝန်းအတွင်းနှင့် ကမ္ဘာအေးကွက်သစ်ရပ်ကွက်ကျောက်တိုင်ကွင်းတွင် တပ်ဖဲ့ဝင်များပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ဇတ်တိုက်လေ့ကျင့်လျက်ရှိသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောင်အဦများတွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောင်အဦးများနှင့် အလုပ်ရုံများတွင် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိကို၊ မတ်လ(၂၃)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မင်းသူနှင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 24,2022
၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်  ၁၁နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသောစျေးများသို့ သွားရောက်၍   အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်စာမေးပွဲ ဖြေဆိုပြီးစီ
Mar 23,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲကို မတ်လ(၂၃)ရက်နေ့တွင် အေးချမ်းစွာဖြေဆိုခဲ့ကြပြီး စာသင်နှစ်တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း တွေ့ရသည်။
မြဝတီမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 23,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ‌ခရိုင်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မိတ္ထီလာခရိုင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဧကရာဇ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။