အမရပူရ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်တင်လှက ယခုလိုပြိုင်ပွဲ ကျင်းပပေးခြင်းဖြင့် ကလေးများ စာပေ ဖတ်၊ မှတ်၊ လေ့လာတတ်စေပြီး စာပေဖတ်ရှုမှု အလေ့အထကောင်းများ ရရှိစေကြောင်း ပြောကြား၍ မူလတန်းအဆင့် အရွယ် ကလေးများက တေဇရုပ်စုံပါ မြန်မာနိုင်ငံ၏ အထင်ကရ မြို့များအကြောင်းကို ဖတ်၍ ယှဉ်ပြိုင် ကြကြောင်း သိရသည်။
တင်တင်လှ (ပြန်/ဆက်)