ကျောက်တံခါး မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မရဲစခန်းဝင်း အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းမင်းလတ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ မီးဘေး နှင့်ကြုံတွေ့လာပါ က ဆုံးရှုံးမှုနည်းပါးစေရန်နှင့် အမြန်ဆုံး ငြိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးများအား လက်တွေ့အသုံး ချနည်းစနစ်များကို ရှင်းလင်း ဆွေးနွေးခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မီးငြိမ်းသတ်ခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းတို့ကို မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများမှ လက်တွေ့စမ်းသပ် မီးငြိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)