စဉ့်ကိုင် မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသောမတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်) နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာငှား၊ စာဖတ်ပရိသတ်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇) နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇-၃-၂၀၂၁) ရက်နေ့ (၇၆) နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နွေအလှကဗျာများ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စသည့်ခေါင်းစဉ်များပါရှိပြီး အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခဲ့ကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)