တံတားမြို့၌ နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများ ထံရေဆင်း(၁)စပ်မျိုး နေကြာသီးနှံမျိုးစေ့ အိတ်များပေးအပ်

တံတား နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်းရှိ၊ ကျောက်တန်းမြို့နယ်တွင် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများထံ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံ မျိုးစေ့အိတ်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်  (၁၀)နာရီတွင် တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့စီမံအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးများက  နေကြာစိုက်တောင်သူများအနေဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ နေကြာစိုက်ပျိုးခြင်းကို နိုင်ငံတော်အစိုးရမှ အားပေးကူညီ လျက်ရှိကြောင်း တောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထိုနောက် အစည်းအဝေးအခမ်းအနားသို့ တံတားမြို့ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးမှူး၊ လယ်စီ/စာရင်းအင်းဦးစီးမှူး၊ရပ်ကွက်/ ကျေးရွာအုပ်စု (၉) ခုမှ အုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)