ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများဆောင်ရွက်

ရွှေသောင်ယံ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉)နာရီက အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ရပ်ကွက် (၁၊ ၂၊ ၃)ရှိ ကလေးငယ်များ လာရောက်ထိုးနှံကြရာ ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ‌ဆရာမမို့မို့ဝင်းမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ဆေးထိုး၊ ဆေးတိုက်ပြီး ကလေးငယ်များအား ဆေးခန်းတွင် နာရီဝက်နားနေပြီးမှ ပြန်ကြရန်နှင့် နောင်ဆေးခန်းသို့ လာရောက်ပါက ကိုဗစ်(၁၉) ကာကွယ်ရေးအတွက် (Mask)များကို တပ်ဆင်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ လာရောက်ကြရန် ကလေးမိဘများအား မှာကြားခဲ့သည်။

ရွှေသောင်ယံ(ပြန်/ဆက်)