တောင်ငူ၌ ရပ်ရွာအခြေပြု မိန်းမဝတ် (အခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
Apr 01,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းကာ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မတ်လ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ၊ တစ်လကြာ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မိန်းမဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပသည်။