(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ဇီဝိတဒါန ငါးလွတ်ပွဲ ပြုလုပ်

တောင်တွင်းကြီး နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပါတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့၊ ရတနာပွင့်လှ ကန်တော်ကြီးကန်အတွင်း ဇီဝိတဒါနငါးလွတ်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ‌ ငါးလွတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဇင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ (၈၂)အုပ်စုမှ စာရေးဝန်ထမ်းများစုပေါင်း၍  ငါးမြစ်ချင်းကောင်ရေ (၅၀၀၀)ကို ရတနာပွင့်လှကန်တော်ကြီးကန်အတွင်း ဇီဝိတဒါနငါးလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ရတနာပွင့်လှကန်‌တော်ကြီးကန်အနီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ‌စေရေး အတွက်အမိုက်ကောက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)