တောင်တွင်းကြီးမြို့ပေါ် (၉)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)စုအား စားကုန်များ ထောက်ပံ့ပေး

တောင်တွင်းကြီး  နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်‌ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀)စုအား စားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့၊‌ အောင်မြင်ဇေယျ (ရခိုင်)စေတီတော်မြတ်ကြီး၊ ပရဝုဏ်အတွင်းရှိစုရပ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးရာသို့ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌အောင်မိုးခိုင်နှင့် ဌာနဆိုင်ရာများက ရွှေကြာအင်း(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၈၀)စု၊ ရွှေအိုး(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၉၁)စု၊  ရွှေအိုး(၂) ရပ်ကွက်ရှိ အိမ်ထောင်စု(၇၅)စု၊ တောင်ပြင်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၆၈)စု၊ တောင်ပြင်(၂) ရပ်ကွက်ရှိ အိမ်ထောင်စု (၆၉)စု၊ မောင်းတိုင်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၄၅)စု၊ မောင်းတိုင်(၂)ရပ်ကွက်ရှိအိမ်ထောင်စု(၁၀၀)စု၊ အုန်း‌တော(၁) ရပ်ကွက်ရှိ အိမ်ထောင်စု(၉၄)စု၊ အုန်းတော(၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၇၈)စု၊ စုစုပေါင်းအိမ်ထောင်စု(၇၀၀)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နှာခေါင်းစည်း  Mask များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)