သတင်းများ

ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို
Apr 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက်နံနက် ၉ နာရီက သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဖြေဆို လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်၌ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်း ကျင်းပ
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်းကို ယနေ့နံနက်(၁၀:၀၀)နာရီက မြို့နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲများအား စာစစ်ဌာန(၈)ခု၌ ဒုတိယနေ့ဖြေဆို
Apr 01,2022
အမ်းမြို့နယ်၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်ဒုတိယနေ့ စတင်၍စာစစ်ဌာန (၈)ခုတွင် (၁၉၃၄)ဦး အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ယနေ့နံနက် ၉ နာရီကစာစစ်ဌာန (၅)ခု တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေး
Apr 01,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်) မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက မတ် ၃၁ ရက် ညနေပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့  (အင်္ဂလိပ်စာ) ဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန(၁၀)ခုဖြင့် ယနေ့နံနက်(၉)နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံ
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၂)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံ ပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပန်း​တောင်းမြို့နယ်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)ဒကစမှူး ဗိုလ်ချုပ် အောင်နိုင်ဦး ပြည်သူ့စစ်(ဌာနေ)အား ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ပွဲ ကျင်းပ
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်သူ့စစ်(ဌာနေ) ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို အမှတ်(၉၂) ခြေလျင်တပ်ရင်း နဝဒေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။