မှော်ဘီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ

မှော်ဘီ  နိုဝင်ဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/ ၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးမြင့်အောင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက မီးသတ်ဝတ်စုံနှင့် ဆေးသေတ္တာများ ပေးအပ်ခဲ့ရာ သင်တန်းသားများ ကလက်ခံရယူခဲ့ကြပြီး လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းကို သင်တန်းသား ၅၀ဦးဖြင့် အောက်တိုဘာ ၁ရက်နေ့မှ ၂၅ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကိုစာတွေ့လက်တွေ့သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော် ( ပြန်/ ဆက်)