ဟုမ္မလင်းမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းဆောင်ရွက်

ဟုမ္မလင်း နိုဝင်ဘာ ၁

ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းခန့်မှန်းနိုင်​ရေးအတွက် စိုက်ပျိုး​ရေးဦးစီးဌာန  ဝန်ထမ်းများမှ ကိုယ်စားပြုစံကွက်များ ကွင်းဆင်း ရိတ်သိမ်းခြင်းကို အောက်တိုဘာ(၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံး​ကျေးရွာ၊ ကွင်းအမှတ်(၆၂)၊ နားနုံးပါမလုံကွင်း၊ ဦးပိုင်အမှတ်(၇၃) ​တောင်သူ ဦး​အောင်စိုးလွင်၏ (SRI)စနစ်ဖြင့် စိုက်ပျိုးထား​သော ဆင်းဧကရီ-၃ စိုက်ခင်း  ၆.၆ ​ပေ ပတ်လည်စံကွက် ရိတ်သိမ်းခဲ့ရာ စံကွက်အထွက် နို့ဆီဘူး (၁၃.၃)ဘူး ထွက်ရှိပြီး တစ်ဧက အထွက်တင်း(၁၀၄)တင်း ထွက်ရှိခဲ့ကြောင်းသိရှိရသည်။

အထွက်နှုန်းမိတ်ဖက်အရ ​ကောက်ကွက် (၆၂)ကွက်၊ ​အောင်နှံပါပင်ပွား  (၁၅.၁၂)ပင်၊တစ်နှံပါအ​စေ့​ပေါင်း (၁၄၉​)စေ့၊​ ​အောင်​စေ့ရာခိုင်နှုန်း (၇၂.၇၀%)၊အ​စေ့(၁၀၀၀) အ​လေးချိန် (၂၈) ဂရမ်၊ တစ်ဧကအစိုအထွက်တင်း (၁၃၆.၁၅)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)