မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ချမ်းမြေ့ဘိုးဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား ထမင်းနှင့်အာဟာရများ ပေးအပ်လှူဒါန်းပွဲအား ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၁၃) ရပ်ကွက်၊ ချမ်းမြေ့ဘိုးဘွားရိပ်သာ၌ ဆောင်ရွက်သည်။
အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် ဇနီး ဒေါ်ခင်မာမူ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ချမ်းမြေ့ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အသင်းမှ ကြည့်ရှုစောင့်ရှောက် လျက်ရှိသော သက်ကြီးဘိုးဘွား ကျား (၈) ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း (၂၀) ဦးတို့အား နေ့လယ်စာ အာဟာရလှူဒါန်းခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)