လှိုင် နိုင်ဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၁၃၆)ဦးနှင့် Booster Dose ထိုးနှံသူ (၄၄)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ(၁၉၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ကျန်းမာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး Dr ဝေဆင့်ကျော် ဦးဆောင်သော ကျန်းမာရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုအသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ရဲအောင်(ပြန်/ဆက်)