အိမ်မဲ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် လှည့်လည်ပွဲနှင့် ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာလ (၄) ရက် နံနက် (၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ မြို့တွင်း တစ်ပတ်လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၃၃)ကြိမ်မြောက်စုပေါင်းဘုံကထိန်လှည့်လည်ပွဲနှင့် ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ၌ ဌာနဆိုင်ရာများမှ ပဒေသာပင် (၂၃)ပင်၊ အဖွဲ့အစည်း/အလှူရှင်များက (၃၆) ပင်၊ စုစုပေါင်း ပဒေသာပင် (၅၉)ပင်တို့မှ မြို့တစ်ပတ်လှည့်လည်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းအလိုက် မဲပေါက်သည့် ဘုန်ကြီးကျောင်း (၅၉)ကျောင်အား ဆက်ကပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်(၃၂)ကြိမ်မြောက် စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲတွင် ကျောင်းတိုက်ပေါင်း (၅၇)ကျောင်းကို ပဒေသာပင် (၅၇)ခု ပစ္စည်းတန်ဖိုး (၃,၉၆၀,၉၂၀)ကျပ်၊ ငွေသားတန်ဖိုး (၁၈,၄၄၇,၅၀၀)ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ(၂၂,၄၀၈,၄၂၀)ကျပ်ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)