ကြံခင်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ် နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂-၂၀၂၂၃ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) အတွက် ဖြစ်ပြီး အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ(၃၀၀၀၀)နှုန်းထောက်ပံ့ပေးတာဖြစ်ကြောင်း ကြံခင်းမြို့နယ်ကျေးရွာအုပ်စု(၃၅)စု ရှိ အသက်(၈၅) နှစ်နှင့်အထက်သက်ကြီးဘိုး/ဘွား (၈၉၉)ဦးအတွက်ငွေကျပ်(၂၆၉၇၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုး နှင့်စာရေးများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်သီတာဦးနှင့် တာဝန်ရှိသူများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် စာရေးများတတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)