ကျောက်ကြီးမြို့နယ်၌ ဆောင်းနေကြာနှင့် နွေစပါးစိုက်ပျိုးသော တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆီထွက်နေကြာမျိုးစေ့ဖြန့်ဖြူး ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်ကြီး နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာနှင့် နွေစပါး စိုက်ပျိုးသော တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆီထွက်နေကြာမျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဆောင်းနေကြာနှင့် နွေစပါးစိုက်ပျိုးသော တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆီထွက်နေကြာမျိုးစေ့ ဖြန့်ဖြူးပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးကဲများက ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာ မျိုးစေ့များအား ဒေသခံတောင်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်