စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ပစ္စည်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချစေရေးအတွက် အထောက်အကူပြုစေရန် လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ် စေရန် ရည်ရွယ်၍ နည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းကပို့ချပေးမည့် နည်းပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြနှင့် သင်တန်းသူများထံ ငွေကျပ် ၅ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းအား အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသူ ၂၈ ဦး တက်ရောက် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်၊ ပြခန်းများပြသရေးနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြသရေး လုပ်ငန်းများဆောင်ရွက်သွားမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက မိမိအားပေး အပ်ထားသည့်  လုပ်ငန်း တာဝန်များ အောင်မြင်အောင် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲများအတွက် အရည်အချင်းရှိအား ကစားသမားများကို စီစစ်ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ကာ အောင်မြင်မှုရရှိအောင်ယှဉ်ပြိုင် သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအစိုးရ အဖွဲ့မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်၊ ပြခန်းများ ပြသရေးနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကို မိမိတို့ဌာနများ အလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အခြေ အနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)