ငါန်းဇွန် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပန်းရွာကျေးရွာအုပ်စု ဆေးခင်းဆေးရွာမှ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသဝ ထံ သီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ် ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ဘုံက ထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ပူဇော်ကြသည်။
ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တကေသဝထံမှ လှူဒါန်းမှုအစုအစုတို့အတွက် သာဓုအနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)