စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း နိုဝင်ဘာ ၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း သိကောင်းစရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/သူများကို ခရိုင်ပြန်/ဆက်မှ အသိပညာများရရှိအောင် ဟောပြောဆွေးနွေးပေးမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားစွာ လေ့လာနားထောင်သွားကြပါလို့ အဖွင့်အမှာစကားပြောကြားပေးပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/သူ လူငယ်များအနေဖြင့် မိမိတို့ကိုယ်တိုင် ယာဉ်မျိုးစုံ အသုံးပြုသွားလာကြတဲ့အခါ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို လိုက်နာသွားကြစေလိုကြောင်းနှင့် ဥပဒေ/နည်းဥပဒေများ အကြောင်းကို ဆွေးနွေးပေးကာ ယာဉ်အန္တရာယ် ဖြစ်ပါ်လာပါက ပြစ်မှု/ပြစ်ဒဏ်များ အကြောင်း တို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလူငယ်များ၊ ပြည်သူများ အသိပညာဗဟုတ ရရှိစေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် သုတ/ရသ စာအုပ်/စာစောင်များကိုလည်း အခမဲ့ငှားရမ်းပေးခြင်း၊ အခါအားလျော်စွာ အသိပညာပေး Talk Show နှင့် စကားဝိုင်းဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                       

စစ်ကိုင်းခရိုင်(ပြန်/ဆက်)