အိမ်မဲမြို့နယ်တွင် Women Club အဖွဲ့နှင့်အမျိုးသမီးကဏ္ဍဖွံဖြိုး‌ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ  ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန၊  လူထု အခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီး အဖွဲ့ Women Club၊  စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုး‌ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့ ယ်၁၂ နာရီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊လူငယ်လူရွယ်များအနေဖြင့် စာပေဖတ်ရှုသည့်  အလေ့အကျင့်ကောင်းများရရှိစေရန်၊၊ အသိညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင် ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၁ခုနှစ် ဇူလိုင်လ ထုတ် သုတပဒေသာစာအုပ်မှ တင်တင်ဝင်း(စာပေဗိမာန်)ရေးသားသည် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေး ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် ၊ Women Club အဖွဲ့ဝင်များ၊စာဖတ်ပရိသတ်များက အမျိုးသမီးများ၏ အခွင့်အရေးများ၊ ကျား/ မ မိသားစုအကျိုး၊ လူမှုအဖွဲ့အစည်းအကျိုးတွင် အမျိုးသမီးများ၏အဓိက အခန်းကဏ္ဍကပါဝင်နေမှုစသည့် အကြောင်း  အရာများဖတ်ရှုခဲ့ကြပြီး  တက်ရောက် လာသည့် စာပေဝါသနာရှင်များမှ ဆောင်းပါး ပါအကြောင်း အရာများအား ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဌေးဌေးလှိုင်