တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆို

လပွတ္တာ ဧပြီ   ၁

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် လပွတ္တာမြို့နယ်မှ ကျောင်းသား ကျောင်းသူများသည် မြို့ပေါ်စာစစ်ဋ္ဌာန (၃)ခုနှင့် နယ်စာစစ်ဋ္ဌာန (၆)ခု စုစုပေါင်း (၉)ခုတို့တွင် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ အင်္ဂလိပ်စာ ဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် လပွတ္တာမြို့နယ်မှ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားသော ကျောင်းသား ကျောင်းသူပေါင်း (၁၂၂၀)ဦး ရှိသည့်အနက် (၁၁၂၂)ဦး ဝင်ရောက်ဖြေဆိုခဲ့​ကြပြီး ဖြေဆိုသူ (၉၂.၀၅)ရာခိုင်နှုန်း ရှိသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)