ချောက်/လမ်းရွာ​ရေနံ​မြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်း လူမှု​ရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အ​ပေါ့စားမီးသတ်စက်​ပေးအပ်

ချောက် ဧပြီ ၂၆

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​​ ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ချောက်/လမ်းရွာ​ရေနံ​မြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်းလူမှု​ရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အ​ပေါ့စားမီးသတ်စက်​ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား​ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းက အ​ပေါ့စားမီးသတ်စက်​ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၁၀)ရပ်ကွက် ​ပတ္တမြားရပ်နှင့် အမှတ်(၁၅)ရပ်ကွက် စံပြမြို့သစ်ရပ်အတွက် အ​ပေါ့စားမီးသတ်စက် (Portable Fire Pump) တစ်စုံစီကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းတို့က ​ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက လက်ခံရယူခဲ့သည်။

အဆိုပါ အပေါ့စားမီးသတ်စက်မှာ လူနှစ်ယောက် အလွယ်တကူမသယ်နိုင်ပြီး မီးသတ်ယာဉ် ဝင်ထွက်သွားလာရခက်ခဲသည့် နေရာများအတွက် အလွယ်တကူသယ်ယူ၍ မီးငြိမ်းသတ် နိုင်ပြီး ရေရရှိသည့် မည်သည့်နေရာမဆို ရေတွင်း၊​ ရေကန်များမှ အလွယ်တကူ​ ရေစုပ်ယူ၍ အလျင်မြန်ဆုံး ငြိမ်းသတ်နိုင်သည့် အပေါ့စားမီးသတ်စက်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)