လွိုင်လင်တပ်နယ်တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများဖွင့်ပွဲ ကျင်းပ

လွိုင်လင် ဧပြီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တပ်နယ်၊ နဝရတ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါအခမ်းအနားအားကျင်းပရာ တပ်နယ်မူးကြီး သန်းထွန်းအောင်မှ သင်တန်းဖွင့်လှစ်ပေးရချင်းအပေါ် ကျောင်းသား/ သူလေးများအား အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

အဆိုပါသင်တန်းများအား ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ မေလ ၆ ရက်နေ့အထိ မိမိတို့သင်ဆိုင်ရာတပ်နယ်များ၏ သင်တန်းခန်းမများတွင် ပို့ချပေးသွားမည်ဖြစ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းသား/သူ၂၄၅ ဦး၊ အင်္ဂလိပ်စာအခြေခံသင်တန်းသား/သူ ၈၀ဦး၊ ကွန်ပျူတာအခြေခံသင်တန်းသား/သူ ၅၈ ဦးတို့အား သက်ဆိုင်ရာဆရာများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)