ကျောက်တန်း နိုဝင်ဘာလ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်စံပြကျေးရွာအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကန်ပြောင်စံပြကျေးရွာ စာသင်ကျောင်းအား Cash For Work စီမံကိန်းဖြင့် အလျား ၄၃၈ ပေ အမြင့် ၅ ပေဖြင့် ကွန်ကရစ်တိုင် Chain Link ဖြင့် ခြံစည်းရိုးကာရံပြီးစီးမှုကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ် ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီမံကိန်းကော်မတီများက ရှင်းလင်းပြသခဲ့သည်။
အဆိုပါကန်ပြောင်စံပြကျေးရွာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် အိမ်သွယ်ရေမီတာ တပ်ဆင်ခြင်းလုပ်ငန်းနှင့် နိုင်ငံတော်ထောက်ပံ့ငွေ၊ ယူနီဆက်ရန်ပုံငွေတို့ဖြင့် မြေသားရေကန်၊ Chain-Link ခြံစည်းရိုးကာရံခြင်း၊ VDP စီမံကိန်းဖြင့် ကန်ပြောင်စံပြကျေးရွာစာသင်ကျောင်းအတွင်း ရေဂါလံ ၂၄၀၀ ဆံ့စင်မြှင့်ရေစင် ဆောက်လုပ်ခြင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရွမ်းရွမ်းအောင်ကုမ္ပဏီမှ ရေသန့်စင်စနစ်ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်မည်သွားမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)
ဦးသန့်ဇင်ထွန်း(ကျောက်တန်း)