ကျောက်တန်း နိုဝင်ဘာလ ၃
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူကျော်ဝင်းရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစုသားရွှေဥ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးသန့်ဇင်ထွန်း စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်အတွက် စာဖတ်ဝိုင်းများကို မြို့နယ်အသီးသီးရှိသော ပြန်/ဆက်ဦးစီးဌာနများအနေဖြင့် လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး Book Club အသင်းအဖွဲ့ဝင်သီရိခင်ခင်က “မျှော်လင့်ချက်တွေရှင်သန်စေ” Book Club အဖွဲ့ဝင်မောင်မြင့်မြတ်အောင်က “အရေးကြီးတာအရင်လုပ်”စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်