မြေပုံမြို့နယ်၌ (၃) မွှာပူးမွေးဖွားသူ မိခင်နှင့် ကလေးများအတွက် လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

မြေပုံ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာနေ ဦးအောင်စောသိန်း၏ ဇနီးဒေါ် နီလာဝင်း၌ (၃) မွှာပူး ယောကျ်ားကလေး (၃) ဦးကို  အောင်မြင်စွာမွေးဖွား၍ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မိခင်နှင့်ကလေးများအတွက် ထောက်ပံ့ငွေကို  ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပေးအပ်သည်။

ကလေး (၃) မွှာပူး  ယောကျ်ားလေး (၃) ဦးနှင့် မိခင်အတွက် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ  ထောက်ပံ့ငွေ (၅၀၀,၀၀၀) ကျပ်ကို   မြို့နယ်အုပ်ချုပ်ရေးမှူးက  ရေခေါင်းချိန်ကျေးရွာ အုပ်ချုပ်ရေး မှူးထံသို့ လွှဲပြောင်းပေးအပ်သည်။ (၃) မွှာပူးကလေးကို (၁၁-၇-၂၀၂၂) ရက်နေ့ ညနေ (၈) နာရီ (၃၀) မိနစ်အချိန် ရေခေါင်းချိန်ကျေးရွာ  RHC မှ  ကျန်းမာရေးမှူး ဒေါ်သီတာဝင်းက အောင်မြင်စွာ မွေးဖွားပေးခဲ့ကြောင်းနှင့် မိခင်နှင့် (၃) မွှာပူးကလေး (၃) ဦးမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရသည်။

တင်ဝင်း