ကမမောင်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ

ကမမောင်း နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ်ကာကွယ် တိုက်ဖျက်ပြည့်သူ့အတွက်အကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။

နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓါတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ မိသားစုစိတ်ဓါတ်လျော့နည်းလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိတတ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊ မြန်မာနိုင်ငံနှင့် စိတ်ကြွရူးသွပ်ဆေးပြဿနာအကြောင်း၊ စိတ်ကြွရူးသွပ်ရူးသွပ်ဆေးများ၏ အန္တရာယ်များအကြောင်းနှင့် မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များမဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ဖြစ်ပေါ်လာလျှင် ပြုလုပ်သင့်သည့်အချက်များ စသည့် အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းသိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်အချက်များ စသည့် အချက်များပါဝင်သော နံရံကပ်စာစောင်များကိုပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

တင်တင်လှ