ကမာရွတ်မြို့နယ်တွင် (၅)နှစ်​အောက်က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်​ဆေးထိုးနှံ​နေမှုအား ကြည့်ရှုအား​ပေး

ကမာရွတ် နိုဝင်ဘာ ၄

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ(၃)ရက်နေ့(၀၉:၃၀) အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်-၂ ဦးအောင်၀င်းသန်း၊ မြို့နယ်အ​ထွေထွေ အုပ်ရုံးခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နှင့် မြို့နယ်တာဝန်ခံဆရာ၀န်ကြီး Dr သင်းသင်းနိုင်တို့ ပါ၀င်သောအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း၊ (၅)နှစ်အောက် ကလေးကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေး ထိုးနှံနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကိုယ်၀န်ဆောင်မိခင်များတစ်ဦးလျှင် ကြက်ဥ(၁၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ထို့​နောက်အဖွဲ့ဝင်များသည်ဆက်လက်၍ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၁၀)ရပ်ကွက်၊ အောင်မင်းခေါင်ဘုရားနှင့် အမှတ်(၉)ရပ်ကွက်၊တက္ကသိုလ်ဓမ္မာရုံတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ရုံး၀န်ထမ်းများ စုပေါင်း၀တ်ရွတ်ဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)