သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီ အခြေခံပန်းချီသင်တန်းဆင်းပွဲ ကျင်းပ
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာပေချစ်မြတ်နိုး သူအျားအသင်း(Book Club)နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သော အခြေခံပန်းချီ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (အဋ္ဌမနေ့) သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ သမိုင်းဘာသာ ရပ်ကို အဋ္ဌမနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၄ ခုသို့ လာရောက်ဖြေဆိုသူသမိုင်းဘာသာရပ် (၉၅.၄၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။
သန်လျင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်
Apr 08,2022
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွား ပလက်ဖောင်းများပြုလုပ်ပေးခြင်း၊ ပန်းအလှပင်နှင့် အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ မြေယာ ရှုခင်းများ အလှပြုပြင်ခြင်းစသည့် လုပ်ငန်းများအပြင် မြို့မဈေးကြီးအတွင်းမိုးမကျမီ ရေစီး ရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းနှင့် ရေပိုက်များပြင်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။
ရမ်းဗြဲမြို့နယ်၌ သမိုင်းဘာသာရပ်အား စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၅၃)ဦး ဝင်ရောက် ဖြေဆိုပြီးစီး
Apr 08,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်ကစာစစ်ဌာန(၁၀) ခုတွင် ကျောင်းသား/ကျောင်းသူ (၈၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား စာစစ်ဌာန(၁၃)ခုဖြင့် ယနေ့ နံနက် (၉)နာရီမှစတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။
ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ  သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ သမိုင်းဘာသာရပ်အား ကျောင်းသားကျောင်းသူများမှ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား ကျောင်းသား/သူ ၈၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Apr 08,2022
န်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ
တွံတေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို ပြီးစီး
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးနေ ကျောင်းသား/ ကျောင်းသူများမှ ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ နေ့လယ် ၁၂ နာရီထိ သမိုင်းဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။