သတင်းများ

နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာသားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူတော်ပွဲကျင်းပ
Nov 04,2022
ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာ သားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီး‌ကျောင်းတွင် ဦးထွန်းရင်(A.T.E.O)+ဒေါ်တင်တင်ဌေး (မူအုပ်-အမက၆)မိသားစုနှင့် ဦးသန်းမောင်+ဒေါ်လှဝင်း(မူအုပ်-အမက၄)မိသားစုတို့မှ “မ”တည်၍ အလင်းရောင်(ပညာရေး)အဖွဲ့၊ ငွန်ဆိုင်းကျေးရွာသူ/ရွာသားများ၊ လွယ်ခမ်းကျေးရွာသူ/ ရွာသားတို့က စုပေါင်းဘုံကထိန်ခင်းကျင်း လှူဒါန်းခဲ့ကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 04,2022
၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့စုပေါင်းကာ လင်းခေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက် ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်တွင် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်
Nov 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ဆောင်းရာသီအားကစားသင်တန်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြား
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်သည့် ဆောင်းရာသီ အားကစားအခြေခံသင်တန်း၌ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်းများကို ယနေ့နံနက်(၇:၀၀)နာရီ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း  ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Nov 04,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဥ်ကွင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၌ ထွေ/အုပ်၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ စည်ပင်၊ စာတိုက်ဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Nov 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စာတိုက်ရုံးဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ ဝမ်ကောင်းကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Nov 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် ကကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။