ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဘဝပန်းတိုင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရွှေပြည်သာ နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် ဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာအုပ်စင်တိုင်းတွင်ရှိရမည့် စာအုပ်၊ မြန်မာလူငယ်တိုင်း ဖတ်သင့်သည့် စာအုပ်၊ ဖတ်သူတိုင်း ထိရောက်ထူးခြားမည့် စာအုပ်ဖြစ်သော ဘဝပန်းတိုင်စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်အေးအေးမိုး စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းဝင်များက ဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော ဘဝပန်းတိုင်စာအုပ်အား ဖတ်ကြား၍ အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

‌ရွှေပြည်သာမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် Online ပုံပြောခြင်း အစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ ကဗျာရွတ်ခြင်းများကို online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)