မင်းလှမြို့၌ အခြေခံစားကုန်ဆန်များ အားသက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

အထက်မင်းလှ  နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်အတွင်းရှိ  အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန်၊ အခြေခံစားကုန်ဆန်များ သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်ရပ်ကွက် နှင့်ကွက်သစ်ရပ်ကွက်တို့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ဦး‌၏‌ဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ‌ရောင်းချပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းလှမြို့နယ်အတွက် ဆန်အိတ်အလုံး (၂၀၀)အား ဒေသခံပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆန်တစ်ပြည်လျှင်(၁၅၀၀)ကျပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)