ကျွန်းလှ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမ အကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး စနစ်တကျ ထိုးနှံပေးကြသည်။
ထို့အပြင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ပူးပေါင်းပါဝင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ လိုက်နာကြရန် လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မျိုးဝင်းညို ကျွန်းလှ