သတင်းများ

မိုးမိတ်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ
Apr 14,2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ လ ၁၃ ရက် ညနေ ၄ နာရီအချိန်က မြရည်နန္ဒာပန်းခြံအတွင်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကင်းပိတောက်ရေကစားမဏ္ဍပ် ယနေ့ညနေ (၃:၃၀)နာရီတွင် စတင်ဖွင့်လှစ်
Apr 14,2022
၁၃၈၃ ခုနှစ်၊ ရန်ကင်းပိတောက် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီတွင်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်(၆) လမ်းထိပ်၊ ရန်ကင်းလမ်းမပေါ်၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယခုလာမည့်နှစ်သစ်တွင် အားအင်သစ်များဖြင့် တက်ကြွစွာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်အခါသမယတွင် မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာနှင့်အညီ၊ မေတ္တာရေစင်ပက်ဖျန်း၍ပျော်ရွှင် စွာဆင်နွှဲသည့် အတာသင်္ကြန်ရေသဘင် ပွဲတော်ဖွင့်ပွဲခမ်းအနားဖြစ်ပါကြောင်း ပြောကြားသည်။
မိုင်းယောင်းမြို့၌ နှစ်သစ်ကူးသင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲကို ယမန်နေ့က အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်အကြိုနေ့အတွင်း ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်များဖြင့် တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများအပြင် စျေးရောင်းချသူများဖြင့် စည်ကားခဲ့သည်။
ကသာမြို့၌ မြန်မာသက္ကရာဇ်-၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၏ မြန်မာသက္ကရာဇ်-၁၃၈၃ ခုနှစ် (၂၀၂၂)၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်၊ နှစ်သစ်ကူးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေ(၃)နာရီခွဲ အချိန်ခန့်က ကသာမြို့၊ ရုံးကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
၁၃၈၃ ခုနှစ်၊ ကျိုင်းတုံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ဖွင့်ပွဲ ကျင်းပ
Apr 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီက မြို့လယ်နာရီစင်ရှေ့ ၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
ဗဟန်းမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ
Apr 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီက ဗဟန်းမြို့နယ်ရှိ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်လှစ်
Apr 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲကို ယနေ့ညနေပိုင်း ၄ နာရီတွင်ဒဂုံလမ်းရှိ မြို့နယ် စည်ပင် သာယာရေးရုံးဝန်းရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် Power light ရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအုပ်စု၊ ရာဇသင်္ဂဟလမ်းရှိ Power light ရေကစားမဏ္ဍပ်ဖွင့်ပွဲပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနကြီးမှူး ဦးစိုးဟန်၊ ဥတ္တရခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီးစံသူ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်နှင့် ဖိတ်ကြားထားသူများ (၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား ဦးစိုးဟန်၊ ဦးကျော်သန်းလင်း၊ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး နှင့် ယာယီဒု တိယရဲမှူးကြီး စံသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူများက ပျော်ရွှင်စွာ ရေကစားခဲ့ကြောင်း သိရသည်။