ဒိုက်ဦးမြို့ စက်ကွင်းရပ်ကွက် အ. လ. က(ခွဲ) ဘလုပ်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး‌ပေါင်း ကျင်းပသော အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီတွင် စက်ကွင်းရပ်ကွက် အ. လ. က(ခွဲ)ဘလုပ် ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေး ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ကျောင်းသား/သူများအား လူကုန်ကူးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ ၁၁၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)