မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား တက်‌ရောက်

မကွေး နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်  အဖွဲ့ဝင် ဝန်ကြီးများ စုပေါင်းမဟာဘုံကထိန်ပွဲသို့ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာ‌တော် ဘဒ္ဒန္တသုမနထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အစိုးရဖွဲ့ဝင် ဝန်ကြီးနှင့် ဇနီးများမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရား နာကြားပြီး ကထိန် အခြံအရံ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းသည့် စာရင်းအား စေတနာသဒ္ဓါတရား ပွားများနိုင်ရန်နှင့် သာဓုအနုမောဒနာ ပြုနိုင်ရန် ဖတ်ကြားကြေညာခဲ့ပြီး၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ  ရုပ်သိမ်းခဲ့ကြောင်းနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို  ကထိန်အခြံအရံ ပဒေသာပင် စုစုပေါင်း(၁၀၅)ပင်၊ လှူဖွယ်ပစ္စည်းတန်ဖိုးကျပ်(၂၂၁၈၁၈၉၀/ိ-)၊ လှူဖွယ်‌ ငွေတန်ဖိုးကျပ် (၂၈၂၄၇၃၀၀)၊ စုစုပေါင်းတန်ဖိုး ကျပ် (၅၀၄၂၉၁၉၀/ိ-) အား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ညီညာ