အလုံမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနား ကျင်းပ

အလုံ နိုဝင်ဘာလ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုပေါင်း၍  မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ  အလုံပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို  နမောတဿ () ကြိမ်ရွတ်ဆို  ဖွင့်လှစ်ပြီးနောက် အလုံပရိယတ္တိ စာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဦးဉာဏိဿရထံမှ ကထိန်တရားတရားတော် နာယူသည်။ ဆက်လက်၍  ဆရာတော်အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်ချ အမျှဝေသည်။

အဆိုပါ လှူဒါန်းမှုတွင်  လှူဖွယ်ဝတ္ထုတန်ဖိုး (၅၅၄၅၀၀)ကျပ်နှင့် အလှူငွေ (၈၅၀၀၀၀)ကျပ် စုစုပေါင်း (၁၄၀၄၅၀၀)ကျပ်အား စုပေါင်းလှူဒါန်းကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)