ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အမှတ် (၁၄) ရပ်ကွက်၌ ဆီနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရွှေပြည်သာ  နိုဝင်ဘာ  ၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်၊ ဆီနှင့်ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆီ(တစ်ပိသာ) ၄၁၀၀ကျပ်၊ ကြက်ဥ(၁၀)လုံး ၁၇၅၀ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများ လွတ်လပ်စွာ ဝယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)