သတင်းများ

မြောက်ဦးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Nov 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကံလှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေး
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းသားများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 05,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ လုပ်သား ပြည်သူများအနေဖြင့် အားကစားနှင့် စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ(၄၀၀)ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
စဉ့်ကူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Nov 05,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ကုက္ကိုပင်ရေဆိပ်တွင် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် အင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ ကောင်းကောင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Nov 05,2022
မိတ္ထီလာမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မိတ္ထီလာကန်အလယ်ရှိ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်
Nov 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် အစည်းအဝေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ကွန်ပျူတာပညာရပ်များကို စတင်လေ့လာအသုံးပြုလိုသူများအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာစီတန်းလှည့်လည်
Nov 05,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ကာ မြို့တစ်ပတ်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။