ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Apr 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမျိုးသားခန်းမ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံမည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများနှင့် မတ်လ (၁၀)ရက်နေ့ ရှေ့ပိုင်းပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီး (ဒုတိယအကြိမ်)ကာကွယ်ဆေး (CoviShield) ထိုးနှံရန် သတ်မှတ်ရက် ပြည့်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။