ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့်  မူကြိုကလေးများအား အာဟာရဒါနကျွေးမွေး

မောင်တော   နိုဝင်ဘာ  ၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၂ နာရီအချိန်  ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် မူကြိုကလေးများအား အာဟာရဒါန ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မဈေးကြီးအနီး ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ မူကြိုကလေးများအား အာဟာရဒါနများ ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင်လည်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခြံဝင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် လွန်ဆွဲပွဲ ၊ ထုတ်စီးထိုးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

သက်လွင်စိုး ( ပြန်/ဆက်)