ကန်ကြီးထောင့် မြို့အထက (၁) ၌ အပတ်စဉ် မိုဘိုင်းစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ သွားရောက် ငှားရမ်း

ကန်ကြီးထောင့် နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် (Mobile Library) အား ယမန်နေ့ နေ့လည်အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သုတ၊ ရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် သိပညာ ဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးလျက်ရှိပြီး ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြ ပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာ တိုးပွားရေး စာအုပ်စာပေများကို စုပေါင်း ဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ငှားရမ်း ဖတ်ရှူလေ့လာခဲ့ကြောင်းလည်း သိရသည်။

မဇင် (ပြန်/ဆက်)