ဗဟန်း နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)ရုံးမှ ဒေါ်စန္ဒာမိုးနှင့် ဒေါ်သော်တာဝင်းပြည့်တို့က တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် တန်ဆောင်မုန်းလမှာ ကျင်းပသည့်ပွဲတော်များ၊ တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခသည့်ည သတ်မှတ်ပုံအကြောင်းနှင့် ပံ့သကူအလှူ စသည့်အကြောင်းအရာများ၊ ဗဟုသုတရဖွယ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး