(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်မရော နိုဝင်ဘာ ၅

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး က ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုဆွေးနွေးပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေး က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ၌ နှစ်စဉ်နိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ယနေ့ခေတ် လူငယ်များ၊ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် အစဉ်တန်ဖိုးထား လေးစားကြရန်၊ အမျိုးသားနေ့၏ ထူးခြားချက်များကိုသိရှိပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပွဲများတွင် ပါဝင်ဆင်နွဲလာကြစေရန် ရည်ရွယ်၍ ယခုလို ဆွေးနွေးပွဲ (Talk show) တွင် ပါဝင်ဆွေးနွေးပေးရခြင်းဖြစ်ကြောင်း   ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ကို We Love Kyaikmaraw  Page  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)