ကာလိမြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) ဆောင်ရွက်

ကာလိ  နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး န်ကြီးဌာနတို့ ပူးပေါင်းပြီး မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်(Talk Show)ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/ (အထစ) နှင့် ပတ်သတ်၍ အသိပေး ထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ Onilne မှတစ်ဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကာလိရှေ့တန်းရုံး၊ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးကျော်ဇေယျက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/ (အထစ)နှင့် ပတ်သတ်၍ အသိပေးထုတ်ပြန်ချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်()ခု()ခုနှင့် အိမ်ထောင်စု()ခု ()ခု ကိုင်ဆောင်ထားသည့် မိဘပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ရုံးများသို့ သတ်မှတ်ထားသည့် ရက်မတိုင်မီ အမြန်ဆုံး ပြန်လည်အပ်နှံကြရန်နှင့်လက် ရှိမိမိတို့ဌာနအနေဖြင့် ပြည်သူများကို ဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ကြရန်၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲတွင် တိကျမှန်ကန်သည့် လူဦးရေစာရင်းများ ရရှိမှာ ဖြစ်သည့်အတွက် များစွာ အကျိုးကျေးဇူးရရှိမှာဖြစ်ပြီး အသိပေးထုတ်ပြန်ချက်များနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ပြန်/ဆက်)