ပန်းတောင်းမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ

ပန်းတောင်း နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဒန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြား၊ သင်ယူမှု တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင် စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၆၀)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၆၀)ဦးတို့အား နည်းပြဆရာကြီး (၄)ဦးတို့က နိုဝင်ဘာ (၅)ရက်မှ (၆)ရက်အထိ အ.ထ.က ပန်းတောင်းစာသင်ကျောင်းခန်းမတွင် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး