ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် "မိဘပြည်သူများသို့အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့ ပူးပေါင်းပြီး ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ "မိဘပြည်သူများသို့ အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ပြည်သူများသို့ အသိပေးချက် ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က ပြည်သူများသို့ အသိပေးချက်ခေါင်းစဉ်ဖြင့် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ အပိုကိုင်ဆောင်ခြင်း ၊ ကွဲလွဲမှုဖြစ်ခြင်းများရှိပါက နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ပြီး ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများ၊ သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်(၇)ချက်၊ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)နှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက် (၆) ချက်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် သုတရသ စာပေသိမှတ်ဖွယ်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )